သင့်ဖုန်းဝန်ဆောင်မှုအတွက် ရက် ၊ လ ချီပြီးစောင့်နေစေရတာဟာ စိတ်ကျေနပ်စရာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဖုန်းနှင့်တက်ဘလက် တွေကို တစ်နာရီအတွင်းအပြီးအစီး ပြင်ဆင်ဆောင်ရွက်ပေးမယ့် အမြန်ဆန်ဆုံး မိုဘိုင်းဖုန်း service ကိုတည်ထောင်လိုက်တာပါ။
ဘယ်လိုလုပ်ကြပါသလဲ ? သင့်ဖုန်း မော်ဒယ်အလိုက် Original စပယ်ယာပက်များကိုအမြောက်အများ သိုလှောင် ထားပါတယ်။ဒီလိုမှသာ သင့်ဖုန်းအတွက် လဲလှယ်မယ့် အစိတ်အပိုင်းကို မှာယူတဲ့ကြာချိန် ပစ္စည်းရောက်မယ့် ကြာချိန်တွေကို ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။ဒါတွေအားလုံးကို အခု ကျော်ပစ်လိုက်လို့ရနေပါပြီ။သင့်ရဲ့အချိန်တွေဟာတန်ဖိုးရှိတာကြောင့်သင့်ဖုန်းကိုအမြန်ဆုံးလိုအပ်တာ ကျွန်တော်တို့သိပါတယ်။ ယင်းလိုအပ်ချက်ကိုချက်ချင်း ဖြည့်စွမ်းပေးဖို့ဟာ ကျွန်တော်တို့ရည်မှန်းချက်ပါပဲ။
မိုဘိုင်းဖုန်း service ၊ စဉ်ဆက်မပြတ် တိုးတတ်မှုစတာတွေနဲ့ ပတ်သက်လာရင် customer တွေစိတ်ကျေနပ်မှုကို အမြင့်ဆုံးရရှိနေစေဖို့ဆန္ဒဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်လို့ ဖုန်းထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများကပင် အသိအမှတ်ပြုကြပါတယ်။
Hardware ပဲဖြစ်ဖြစ် Software ပဲဖြစ်ဖြစ် ကျွန်တော်တို့မဖြေရှင်းနိုင်တာ မပြုပြင်နိုင်တာဆိုတာ မရှိသလောက်မို့ပါပဲ။ သင့်ကိုအနှောင့်အယှက်ပေးနေတဲ့ သင့်ဖုန်းချွတ်ယွင်းချက်ကို ပြင်ဆင်ဖို့ ကျွန်တော်တို့ရဲ့ လုပ်သက်အတွေ့အကြုံ ရင့်ကျက်မှုကစကားပြောပါတယ်။ ပြီးတော့သင့်ရဲ့အိတ်ကပ်လည်း ပြားမသွားစေရပါဘူး။
သင့်ဖုန်းလာအပ်တဲ့အခါ စိတ်မပူရတော့ပါဘူး သင့်ဖုန်း အန္တရာယ်ကင်းသွားပါပြီ။ ProMobi က service ဆရာတွေက ဒီနယ်ပယ်မှာ ပညာရှင်တွေပါ။ ပြည်တွင်းရောပြည်ပမှာပါ အတွေ့အကြုံပြည့်ဝပြီး ဈေးကွက်ထဲပေါ်လာသမျှဖုန်းတွေကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာ တတ်ကျွမ်းထားကြသူတွေပါပဲ။
လုပ်ငန်းခွင်မှာတော့ ကုမ္ပဏီများကအသိအမှတ်ပြုတဲ့ စက်ပစ္စည်းတွေနဲ့ ကိုင်တွယ်အသုံးပြုတာမို့ ဘာဆိုဘာမှပြောစရာမရှိတော့ပါဘူး။ဖုန်းအားသွင်းတာကအစ screen လဲတာအဆုံး ဘယ်လိုပြဿနာမဆို သင်တို့ဖုန်းတစ်လုံးချင်းစီအတွက် ကျွန်တော်တို့မှာအဖြေရှိပါတယ်။
ယနေ့ခေတ်မှာ ကျွန်တော်တို့အားလုံး အရေးကြီးအချက်အလက်တွေကို ဖုန်းထဲမှာ သိမ်းဆည်းတာနဲ့အမျှ “ဖုန်းပြင်တာ ငါ့password တွေလူသိသွားမလား? ငါ့အီးမေးလ်တွေ ဓါတ်ပုံတွေလူမြင်သွားမလား?“ဆိုတဲ့ မေးစရာတွေပေါ်လာတာ ဓမ္မတာပါပဲ။
ချက်ချင်းသိအောင်အလင်းဆောင်ပြပါမယ်။ စိတ်သာချလိုက်ပါ။ ProMobi Phone Service ဟာ သတင်းအချက်အလက်လုံခြုံမှုဆိုင်ရာ ISO 27001: 2013 လက်မှတ်ကို ရရှိထားပြီးသင့်ဖုန်းထဲက အချက်အလက်အလုံးစုံကို ဝန်ဆောင်မှုကာလတွင်း လုံခြုံမှုရှိကြောင်းအာမခံပေးထားပါတယ်။ ဒါ့အပြင် အရည်အသွေးဆိုင်ရာ ISO 9001 လက်မှတ်လည်း ရရှိထားပါသေးတယ်။
သင့်ရဲ့သတင်းအချက်အလက်လုံခြုံမှုဟာ ကုမ္ပဏီများ ဘဏ်များရဲ့ လုံခြုံမှုအတိုင်းပါပဲ…
သင့်ဖုန်း ပြဿနာတွေ အားလုံး အတွက် ProMobi ကို အမြန်ဆက်သွယ်လိုက်ပါ။
Adresa: | 157, 34th Street, Upper Block, Yangon |
Telefon: | 09 790 177111 |
Radno vreme: | 09:00 - 18:00 |
Email: | service@119.81.77.164 |
ProMobi phone service, a place where the phones come to life again.